
မှော်ဝင်ကြေးမှုံ
Enchanted Looking Glass

ရွှေမျက်နှာ မှော်ဝင်ကြေးမှုံ
ရှေးခေတ် မြန်မာ မင်းများအဆက်ဆက် လက်ထက်မှာ ထဲက အဆောင်ဗေဒင် ယတြာဆိုတာ မရှိမဖြစ် စီရင်ပြုလုပ်လာခဲ့ကြတဲ့ အရာတွေပါ။
ဂမ္ဘီရ အစီအရင်လို့ဆိုတဲ့ နေရာမှာ လည်း မိမိတို့ရဲ့ ရှိရင်းစွဲ ပီယဓါတ်တွေကို ပိုမို အစွမ်းထက်မြက်အောင် ပိုပြီး ကံမြင့်မားအောင် ပြုလုပ်ဆောင်ရွက်ပေးရတဲ့ အစီအရင်အဆောင်လက်ဖွဲ့ တွေဆိုတာ လိုအပ်ပါတယ်။
ဂမ္ဘီရ မှော်အတတ်ပညာ ကို ရှေးဆရာကြီးများကနေ ခေတ်အဆက်ဆက် လက်ဆင့်ကမ်း ယူဆောင်လာခဲ့ကြတာပေါနော်။
ဒီအတတ်ပညာတွေ ရယ် မျက်မှောက်ခေတ်ရဲ့ ကိုယ်ပိုင်အသိပညာတွေနဲ့ ရှေးမူလဲ မပျက်အောင် ပြန်လည်ဆန်းသစ်ပေါင်းစည်းပေးပြီး ၂၁ရာစုမှာ ပထမဆုံး ဖန်တီးစီရင်ပေးဖြစ်တဲ့ အဆောင်လက်ဖွဲ့ဖြစ်ပါတယ်။
ပီယဓာတ်ဟာ တချို့လူတွေရဲ့ မျက်နှာမှာရှိသလို တချို့သူတွေအတွက် လက်ချောင်းလေးတွေမှာရှိတယ်။ အဲလိုပဲ မျက်လုံးလေးတွေမှာရှိနိုင်သလို အသံကြားလိုက်ရင် ချစ်ခင်ပျော့ပျောင်းသွားစေတဲ့ ပီယဓာတ်လေးတွေ ရှိနိုင်ကြပါတယ်။
ဒီ မှော်ဝင်ကြေးမှုံအစီအရင်ဟာ ရုပ်ချောသည် မချောသည်ဖြစ်စေ ကိုယ့်ရဲ့ ပင်ကိုယ်ရုပ်ရည်ဟာ တခြားလူတစ်ယောက်လို ပြောင်းလဲသွားတာမဟုတ်ဘဲ လူတွေ မြင်တဲ့ အမြင်ကို သင့်ရဲ့ကိုယ်ပိုင်စွမ်းအင် နဲ့ ပြောင်းလဲပုံဖော်လိုက်စေတာပဲ ဖြစ်ပါတယ်။
မှော်ဝင်ကြေးမှုံရဲ့ အကူအညီကြောင့် လူတွေက သင့်ကို မြင်လိုက်တဲ့အခါ အရင်ကနဲ့ မတူဘဲ “လင်းလက်တောက်ပမှု” “ချစ်ခင်မှု” “ဆွဲဆောင်မှု” အားတစ်ခုကို ခံစားမိသွားပါလိမ့်မယ်။
ခုနှစ်ရက်သားသမီးများချစ်ခင်စေတဲ့ ပီယသိဒ္ဓိရဲ့နောက်မှာ လာဘ်လာဘ အပွင့်အလန်းဟာ အတူတကွလိုက်လာတဲ့အတွက်
ကိုယ်နဲ့ထိတွေ့ဆက်ဆံရတဲ့ပတ်ဝန်းကျင်မှာ လာဘ်လာဘတွေ ပေါများလာစေဖို့ အခွင့်အလမ်းတွေ ထပ်ပွင့်လာစေဖို့ အရောင်းအဝယ်တွေကောင်းဖို့နဲ့ အထူးသဖြင့် ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူတွေ၊ အများရှေ့မှာ စကားပြောဆိုဆက်ဆံနေရတဲ့သူတွေ အတွက် အရေးကြီးပါတယ်။
သင့်အတွက်ရော… မှော်ဝင်ကြေးမှုံကနေ ရလာမယ့်အရာတွေက…
ဘာများဖြစ်မလဲ…?


မှော်ဝင်ကြေးမှုံ ပင့်ဆောင်ပူဇော်ခ
2,070,000 Ks
မြင့်မားတဲ့အရာတွေ စွမ်းအင်တွေဟာ
ဒီထက်မက အဖိုးထိုက်တန်ပါတယ်။
ဆောင်ရန်ရှောင်ရန်၊ ဆောင်ရွက်ပုံ၊ အခြားလျှို့ဝှက်အပ်တဲ့ အသေးစိတ်ကိုတော့ တကယ်မှာယူပူဇော်တဲ့သူကိုသာ ပြောပြပေးမှာဖြစ်ပါတယ်...
မှော်ဝင်ကြေးမှုံပင့်ဆောင်သော
Clients များ၏ ထူးခြားဖြစ်စဥ်များ

Client No.1 ဖြစ်စဥ်
မှော်ဝင်ကြေးမှုံရောက်သည့်ည ထူးခြားသောအိပ်မက်
ပြည််ပမှာနေထိုင်တဲ့ ကျွန်မရဲ့ Client တစ်ဦးဟာ မှော်ဝင်ကြေးမှုံကို ပင့်ဆောင်တဲ့နေ့ချင်းမှာပဲ သူရဿတီနတ်သမီးမယ်တော်နဲ့ ဒေဝီတို့ကို စတင်ပူဇော်ပါတော့တယ်။ client ကို ကျွန်မအနေနဲ့ တချို့အရာတွေထပ်လုပ်ပေးဖို့ရော၊ ဆောင်ရွက်ရန်ကျန်နေသေးတာတွေ ဒါတောင်ရှိနေပါသေးတယ်။
“မနေ့ညကအိပ်မက်မက်တယ်ဆရာမကို ပြောပြချင်တာ တစ်နေ့လုံးမအားလို့ အခုမှ စာပို့ဖြစ်ပါတယ်။ အိပ်မက်ထဲမှာ… ပွဲတစ်ခုမှာ ကခုန်နေကြတဲ့ အမျိုးသမီးတွေ၊ အမျိုးသားတွေရောမက်ပါတယ်။ သူတို့နဲ့အတူတူကခုန်ဖို့လည်း ခေါ်ကြတော့ လိုက်ပမိတာပေါ့… သူတို့ကပြောတယ်.. Dancer လုပ်ပါလားတဲ့.. ကိုယ်ကမလုပ်ဘူး.. ကျွန်မမှာ အလုပ်ရှိပါတယ်လို့ ပြန်ပြောတော့.. သူတို့ပြန်ပြောလာတာက… နင့်မှာ ချောမောတဲ့ရုပ်ရည်သွင်ပြင်ရှိတယ်တဲ့… နင့်အလုပ်တွေ အကုန်လုံးလည်း အဆင်ပြေမှာပါ…တဲ့.. အဲလိုပြောတယ်…ဆရာမ… အိပ်မက်ထဲက အမျိုးသမီး၊ အမျိုးသားအားလုံးဟာ နက်မှောင်တဲ့ ဆံပင်အရှည်တွေရှိကြတယ်။ မှတ်မိသလောက် အကုန်လုံးကခုန်နေကြတာ ပွဲမှာပျော်စရာကြီး ဆရာမရယ်..”
အိပ်မက်အရ Client No.1 မှာ ထူးခြားမှု ချက်ချင်းသိသာပါတယ်။ သူရဿတီနဲ့ဒေဝီတွေနဲ့ ပတ်သတ်ပြီး ထူးခြားမှုကို စတင်ခံစားရလာပြီဆိုတဲ့အခါ… ထူးခြားတဲ့ အိပ်မက်ပေးခြင်းနဲ့ စတင်တတ်ပါတယ်။
ဥပမာ – အမျိုးသမီး၊ အမျိုးသားတွေ ကခုန်နေတာတွေ၊ ပွဲလမ်းသဘင် ပျော်ပွဲရွှင်ပွဲတွေ၊ ဘုန်းကြီးကို အိပ်မက်မက်တာ… မိမိကို အစာရေစာ ပေးကမ်းတာမျိုးတွေ… နို့ရည်ပေးကမ်းတာမျိုးတွေ… စသဖြင့် အိပ်မက်မက်တတ်ပါတယ်။ ဒီလို အိပ်မက်ရလာပြီဆိုတာနဲ့ မိမိနဲ့ဆက်နွယ်ပြီး မှော်ဝင်ကြေးမှုံရဲ့ ပီယလာဘဓာတ်တွေဟာ သူ့ဘာသာသူ လှုပ်ရှားမှုဖြစ်လာပြီလို့ သတ်မှတ်ရပါတယ်။ နောက်ပိုင်းမှာတော့ ပင့်ဆောင်သူအတွက် ပီယအပွင့်အလန်းများ လာဘများ တဖြည်းဖြည်းခံစားလာရမှာဖြစ်ပါတယ်။
မှော်သဘောအရ… တစ်ဦးနဲ့တစ်ဦး ထူးခြားမှုပြသပုံခြင်း သဘာဝမတူညီနိုင်တာမို့ ကွဲပြားမှုတွေ ရှိနိုင်ပါတယ်။
Client No.2 ဖြစ်စဥ်
ဒီ client ကတော့ ပြည်တွင်းမှာပဲ အလှအပနဲ့ပတ်သတ်တဲ့ လုပ်ငန်းရှင်တစ်ဦးဖြစ်ပါတယ်။ social media အားကို ရယူနေသူဖြစ်ပြီး အနုပညာအလုပ်တချို့ကိုပါ လက်ခံလုပ်ကိုင်နေသူဖြစ်ပါတယ်။ အသူမရဲ့ထူးခြားမှုဖြစ်စဥ်ကတော့.. အိပ်မက်ပြသခြင်းနိမိတ်တွေ ထင်ရှားခြင်းမဟုတ်ဘဲ… အပြင်လောကမှာ သိသာထင်ရှားခြင်းပဲဖြစ်ပါတယ်။
“ဆရာမရေ… သိသာလာတာလေးတစ်ခု ပြောပြချင်လို့ပါ။ ကျွန်မနယ်ပယ်မှာ လူတွေအများကြားထဲ အလုပ်လုပ်တဲ့သူဆိုတော့ အရင်တုန်းကဆိုရင် လူကြားထဲမှာ ကိုယ့်ကိုယ်ကို ပျောက်နေတယ်… မှေးမှိန်နေတယ်ဆိုတဲ့ စိတ်မျိုးတွေဖြစ်ခဲ့ပါတယ်။ ဒီအကြောင်းကို အခုမှထုတ်ပြောလိုက်တာပါ… ကျွန်မဆီ မှော်ဝင်ကြေးမှုံရောက်လာပြီး ၂ပတ်ကျော်မှာတော့… အရင်ကထက် စွမ်းအားတစ်ခုခုရှိလာသလို ခံစားရတယ်… ဘာလဲဆိုတာတော့ အသေအချာမပြောတတ်ပါဘူး…
ကျွန်မ နေ့တိုင်းလိုလို မှန်ရှေ့မှာဆုတောင်းဖြစ်ပါတယ်။ အရှိန်အဝါတစ်ခုကို ခံစားလာရပြီး အခုနောက်ပိုင်း လူကြားထဲမှာ မျက်နှာပွင့်သလို ခံစားရတယ်။ ကိုယ့်ကိုယ်ကိုပျောက်နေသလိုလည်း သိပ်မဖြစ်တော့ဘူး… ဒီအဆောင်အစီအရင်ပူဇော်ကြေးက တကယ်တမ်း ကျွန်မအတွက် လွယ်လွယ်ကူကူ အနေအထားတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆရာမ video ကိုကြည့်လိုက်မိတဲ့အခါတိုင်း ပင့်ဆောင်ဖို့ပဲ စိတ်ဖြစ်နေတယ်။ တစ်စုံတစ်ခုက တိုက်တွန်းသလိုဖြစ်နေတာပါ…”
ကျွန်မပြန်ဖြေလိုက်တာကတော့….
“အဲဒါ… Devi Divine Power တွေဆီကနေ ကိုယ့်ဆီ Energy ကူးစက်ပြီး စိတ်စွမ်းအားမြင့်မားလာတာတွေ empowerment တွေရလာတာ ဖြစ်ပါတယ်။ မိမိတစ်သက်တာအတွက် ဖြစ်လို့ နောက်ပိုင်းပိုထူးခြားလာမှာပါ… ”
မှော်ဝင်ကြေးမှုံဟာ သုံးဆောင်သူအတွက်ရေရှည်ဖြစ်အောင် စီမံထားတဲ့အတွက် မြင့်မားတဲ့အရာတွေ စွမ်းအင်တွေဟာ ဒီထက်မက အဖိုးထိုက်တန်ပါတယ်။

