
Boosting Your Divination
Energy with Myanmar
Traditional SoteHtoeSotePouk

ရှမ်းပညာဖြင့် စုတ်ထိုးစုတ်ပေါက်များကို ရိုးရာအလိုက်
စီမံဆောင်ရွက်ခြင်း
စုတ်ထိုးစုတ်ပေါက်ခြင်းသည် မြန်မာ့လောကီပညာတွင် ပညာခန်းတစ်ခုအဖြစ်ပါဝင်နေပါတယ်။ ရှေးမြန်မာများခေတ်အဆက်ဆက်ကတည်းက လက်ဆင့်ကမ်းအမွေတစ်ခုအဖြစ်ရှိခဲ့ပါတယ်။ စုတ်ထိုးဆေးပေါက်တဲ့ ရည်ရွက်ချက်တွေအမျိုးမျိုးရှိကြပါတယ်။ လူအများချစ်ခင်စေရန်လည်းကောင်း၊ နတ်များ၏ စောင့်ရှောက်မှုကို ရရှိစေရန်လည်းကောင်း၊ လာဘ်လာဘ အပွင့်အလန်း ပိုမိုကောင်းစေရန်လည်းကောင်း၊ ရန်အကာအကွယ် အပေါ့အပါး စသည်ဖြင့် ကာယသိဒိနဲ့ပြည့်စုံစေရန်လည်းကောင်း ဆေးအင်းစမရုပ်ပုံများကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ထိုးနှံကြပါတယ်။
ထိုးနှံမည့်သူအတွက် ထိုးခွင်နဲ့သိဒိအစောင့်ပေါ်လိုက်ပြီး လိုက်နာရမယ့် အချက်အလက်များလည်းရှိပါတယ်။ သိဒိမြောက်ခြင်း၊ အစွမ်းထက်မြတ်ခြင်းပုံစံကတော့ တစ်ဦးနဲ့တစ်ဦး တူမှာမဟုတ်ပါဘူး။ စောင့်ထိန်းနိုင်တဲ့ စည်းကမ်းချက်တွေကို လိုက်နာနိုင်ခြင်း၊ မိမိကိုယ်တိုင် ကျင့်ကြံအားထုတ်နိုင်ခြင်းတွေပေါ်မှာ မူတည်ပြီး ကွာခြားသွားမှာဖြစ်ပါတယ်။
ပူဇော်ကြေးကတော့ 500,000 Ks မှစပြီး ထိုးခွင်ကြီးရင်ကြီးသလို အသေးစိတ်ရှိရင်ရှိသလို ပြောင်းလဲမှာဖြစ်ပါတယ်။ ထိုးခွင်တစ်မျိုးထပ်မက ဆောင်ရွက်ပေးစေလိုပါက ပူဇော်ကြေးညှိနှိုင်းဆောင်ရွက်ပေးပါတယ်။
စိတ်ဝင်စားပါက ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Magic from the Ancient Sources









